Sunday 17 April 2011

ခလေးအတွေး


ဒီစာလေးကို ကျွှန်မ မရေးတက် ရေးတက်နဲ့ ရေးထားတာပါ သည်းခံပီး ဖတ်ပေးပါအမှားပါရင်လည်း ခွင့်လွတ်ပေးပါလို့ ပထမဦးစွာတောင်ပန်းစာလေး ပြောထားပါရေစေလား ရှင်.... 
         ငယ်ငယ် ခလေးဘ၀က ပျော်ရွင်ချိန်တွေကို တခါတလေတော့လဲ သတိရမိသားလား ရှင်...လူမှန်းသိတက်စအရွယ်ကစ အမေ ဆိုတာ ကျွှန်မ ဘ၀ရဲ့ သူရဲကောင်းပေါ့ ...အမေသာရှင် ကျွှန်မ ဘ၀ အမေသာရှင် ကျွှန်မ ကမ္ဘာ အမေ့ အတွက် ကျွှန်မ ဘာမဆို ဖြစ်စေရမယ်ဆိုတဲ့ အတွေးလေးတွေနဲ့ ရှင်သန်ခဲ့သူပါ .......ကျွှန်မ စိတ်ဓာတ်ကို အမြဲမြင့်တင့်ပေးခဲ့တာ အမေပါ...  ကျွှန်မ ပညာတက်တယောက် မဟုတ်ပါဖူး  ဒါပေမယ့် အမေ ရဲ့ဆုံးမသြ၀ါဒတွေက  ကျွှန်မသင်ထားတဲ့ ပညာတွေကပေးတဲ့ လက်မှတ်တွေထက်ပိုပီးတန်ဖိုး ရှိတာတော့ အမှန်ပါပဲ......
              လူဆိုတာ လူရယ်လို့ဖြစ်လာရင် ကိုယ့်တာဝန်ကိုယ် ဘာသိဘာသာယူကြရပါတယ်  အမေ့ဗိုက်ထဲတုန်းက အမေ့စားသမျှ အမေ့သွေးကြောထဲက အမြဲတမ်း တ၀က်ယူစား လူပါးဝလို့ရခဲ့ပေမယ် လူ့လောကကြီးထဲကို ရောက်လာရင် ရောက်လာပါကြောင်း လေထုထဲမှာအူဝဲဆိုတဲ့ အသံလေးတော့ ကိုယ့်ခွန်ကိုယ့်အားနဲ့ အစွမ်းကုန်အော်ဟစ်ရတော့ တာပါပဲ ...... မွေးမေကျေးဇူး မသိသေး ခင် အမေ့ကို ကျီစား ဖ၀ါးလက်နှစ်လုံးနဲ့ အမေ့ရင်ခွင်ကိုကန်လိုက်ရင် စိတ်ဆိုးဖို့ သတိမရတဲ့ အမေက ပြုံးပြုံးလေးနဲ့ ငါ့သမီးလေးက အမေ့ကို ကျီစားနေတာ ကြည့်ပါဦးတဲ့လေ ဖြစ်နိုင်ရင်  ငါ့သမီးလေးကို ရင်ခွင်ပိုက် အရွယ်လေးပဲ အမြဲထားချင်တယ်လို့ အမေ ပြောခဲ့တာကို မှတ်မိပါသေးတယ်
                    အချိန်တန်တော့လဲ   ၂၅ နှစ်ဆိုတဲ့ အချိန်က မေ့သမီး အတွက် မကြာလိုက်ပါဖူး.......ခုတော့ မေ့သမီးတယောက် ရေခြားမြေခြား ဘာသာခြားလူမျိုးခြားတွေကြားမှာ ရောက်နေပါပီ လူဟာ မိမိခြေပေါ် မိမိရပ်တည်ရလေ အနားမှာ မှီခိုစရာမရှိလေ ပိုမိုခိုင်မာသန်စွမ်းလေ.......... ဆိုတာ တကယ်ဒုက္ခရောက်ဖူးလို့ သိခဲ့ရပါပီ ..ငါ့ဘ၀မှာ မရှိလို့မဖြစ်တဲ့ အရာ မရှိဖူးလို့ ....အရာအားလုံးကို ခံယူနိုင်ခဲ့လို့  တနေ့ မေ့သမီးတယောက်  အောင်မြင်မူ့ဆိုတာ မလွဲမသွေ  ခံစားရမယ်လို့လဲ ယုံကြည်ထားပါတယ် ...ငါ့ ဘ၀မှာ ငါသာလျှင် ငါ၏သူရဲကောင်း ငါသာလျှင် ငါ၏အားကိုးရာ ဖြစ်ရမယ်လို့ မေ့သမီးလေးတွေးတက်နေပီလေ
           ဘယ်သူက   ငါ့ဘ၀ကို ဒီ့ထက်တိုးတက်အောင် လုပ်ပေးနိုင်ရယ်သားနဲ့ ငါ့ကို လုပ်မပေးဖူး ....ငါ့ဘယ်လိုဖြစ်နေတယ်ဆိုတာ သိရက်နဲ့ ပစ်ထားရက်တယ်လို့ တွေးနေသမျှတော့ လူဆိုတာ ဘာမှဖြစ်လာမှ မဟုတ်သိလို.....လူညွန့်တုံးဖို့ပဲ ရှိတော့တာပေါ့.နော် အမေ ..မေ့သမီးလေးလေ ဟိုအရင်လို မဖြူစင်တော့ပေမယ့် ဘ၀ကို တည်ငြိမ်အေးချမ်းစွာ နေဖို့ကြိုးစားတက်နေပီ သိလား ...လောကကြီးက မေ့သမီးလေးကို ခံနိုင်ရည် ရှိသလောက်ပဲ ဒုက္ခပေးတာပါ ...လောကကြီးက အမြဲတမ်း မတရားမလုပ်သလို  အမြဲတမ်းလဲ ဒုက္ခတွေ မပေးပါဖူး အဲဒါကို လူတွေက အဆင်မပြေတိုင် ကံကြမ္မာကို ဘာဖြစ်လို့ အပြစ်တွေ လွဲချနေတာလဲ ဟင် ...တကယ်တော ကြိုးစားမူ့ မရှိလို့ ရှုံးနိမ့်တာကို ကံကြမ္မာကို အပြစ်မတင်ပဲ ကိုယ်ကြိုးစားရယ်သားနဲ့ ရှုံးနိမ့်ခဲ့တာတော့ ကိုယ့်ရဲ့ ကံကြမ္မာပါလို့ပဲ မေ့သမီးထင်တယ်                                                                                                                      ရေးသူ-တီလေး
                                                                                       April,18,2011.Am 7:15

No comments:

Post a Comment