Thursday 21 April 2011

Own IQ


နားငြီးလိုက်တာကွာ
(ခုမှ ..အိပ်တာကို...)
ဘယ်အချိန်ရှိသွားလို့..
....နာရီက ထအော်နေတာလဲ
လှမ်းကြည့်လိုက်
7း00 နာရီ ကွက်တိပဲ  
ဓာတ်ခဲအားနည်းနေတာတောင်
နိုးအောင် နှိုးနိုင်တယ်
မယုံဖူးနော်
ခပ်တင်းတင်းပဲ
တံခါးဖွင့်ကြည့်လိုက်သေးတယ်
ဟုတ်တယ်ဟ့...အဲဒီ့ကျမှ
စောင်ကို ပိတ်ကန်
ဟီးတာ ဖွင့်
ခဏ ပြန်နှပ်
ပြန်ပေး အလန်း
15 မိနစ် ပြန်အိပ်ရမှာဟေ့
ငါ့အချိန် ငါပြန်ခိုး
ငါ့အတွေးနဲ့ ငါပျော်
စောင်ပုံထဲ ပြန်တိုး
အဲ့ဒါ  ပြန်နှပ်တာ
ငါ့ဘ၀မှာ အလန်းက အခရာ
ဈေးဆစ်လို့ မရတော့ဖူး
ပြာပြာပြာပြာနဲ့ ရေချိုး
.အ၀တ်အစားလဲ
 ခြေအိပ်စွတ် ဖုန်းယူ
 ဖိနစ်စီး
 သော့ပိတ် ပိုက်ဆံအိတ်
 ဂါဂဲပြေး
 နွားနို့တစ်ဘူး ၀ယ်
 မအားဖူးပေါ့
 အရမ်းအလုပ်တွေရှုပ်နေတဲ့ စတိုင်နဲ့
 လမ်းမှာ နွားနို့သောက်
 ဖယ်ရီစောင့်ရင်းလည်း
နွားနို့သောက်
လာပီ ဖယ်ရီ
ကိုယ့်ခြံထဲ ကိုယ်ဝင်
ကိုယ့် ချီတိုင် ကိုယ်သွား
အဟတ် ...တကယ်တော့
ငါဟာ နွားနို့သောက်တဲ့ နွားမလေးပဲ....

No comments:

Post a Comment