Saturday 7 May 2011

အာလူးအကြွပ်ချိုစပ်ကြော်

      ခုတလော ဂင်ချီနဲ့ပဲ နှစ်ပါးသွားနေရတာ လူလဲ ချဉ်စော်တော်တော်နံနေပါပီ လဆန်းပိုင်းဆိုရင် ပိုက်ပိုက်ပြတ်နေကျ လ လယ်ပိုင်း ကြွေးရှင်တွေ စာတိုက်ပုံးလေးထဲကို မှန်မှန်လာတယ် လကုန်ပိုင်း ပိုက်ဆံသွားချီးတယ်  တကယ်ပါ  မယုံရင် ကြွေးရှင်တွေနဲ့ ပေးတွေ့ပီးသက်သေပြနိုင်ပါတယ် မကျေနပ်သေးရင် အကြွေးပါ ဆပ်နိုင်ပါတယ်  ဒီနေ့ အာလူး ချက်စားမယ် တီလေး ချက်တဲ့ အာလူးချက်ကို ချက်ကြည့်လိုက် လုံးဝ လုံးဝ ဟင်းချက်ကောင်းလှပါလားဆိုပီး ခဏခဏ ချက်ခိုင်းလို့ ငါတော့ ဒီဟင်းချက်တက်တာ မှားလေချင်လို့တော့ နောင်တမရမိစေနဲ့နော် :)
လိုအပ်တဲ့ပစ္စည်းလေးတွေက 

၁။အာလူး
                            အခွံနွာ  အနေတော် ရေဆေးပီး ဇကာထဲထည့်ပီး ရေစစ်ထားလိုက်ပါ
                 တုံးထားတာ နည်းနည်းကြီးတယ် စမူဆာထဲ တည့်ကြော်တဲ့ အာလူးလောက်တုံးပါ
၂။ငရုတ်သီးခြောက် ၁၀ တောင့်(တတောင့်ကို ၃ ပိုင်းလောက် ညပ်ထားပါ)
၃။ငံပြာရည်အကြည် (လက်ဖက်စားဇွန်း တဇွန်း)
၎။ပဲငံပြာရည်အနောက်
     (မရှင်းမှာဆိုးလို့ ပုံလေး ပြထားတာပါ ရိုးရိုးငံပြာရည်ဘူးကို  ငံပြာရည်ဖျော်ပို့စ် ထဲမှာပုံလေးပြထားတယ်)

ဟင်းချက်တော့မယ်
              ဒယ်အိုးကို မီးဖိုပေါ်တင် ဆီနည်းနည်းထည့် ကိုက်ထားတဲ့ ငရုတ်သီးခြောက်တွေကို ထည့် ဆီပူထိုးရုံပဲ ချက်ချင်းပြန်ဆယ်  ပန်းကန်လေးထဲ ထည့်ထားပါ
     ပြီးရင် ဆနွန်းမူန့်ထည့် ကြက်သွန်ဖြူ ဆီသတ် ကြွပ်လာရင် တုံးထားတဲ့ အာလူးတုံးတွေ ထည့် ကြော်ပါ မကပ်တဲ့ ဒယ်အိုးနဲ့ကြော်ရင် ပိုပီး အဆင်ပြေပါတယ် စတီးအိုးတွေက ဟင်းချက်ရင် အိုးကပ်တာ မြန်ပါတယ် အာလူးအတုံးမျက်နှာတွေတင်းလာပြီဆိုရင်  အချိုမူန့် ငံပြာရည် နည်းနည်းထည့် ခဏမွှေလိုက် အာလူးကြွပ်လာရင် ပဲငံပြာအနှောက် လက်ဖက်စားဇွန်း တဇွန်းထည့်လိုက်ပါ (အရောင်လှပီး ပိုမွှေးလို့ပါ) ရပါပြီ ဒယ်အိုးကို မီးဖိုပေါ်ကချ  ငရုတ်သီးခြောက်ကြော်ကို အိုးထဲထည့်မွှေ လိုက်ပါ 
        စားလို့လဲ ခံတွင်းမြိန်တယ်  လွယ်ကူလျှင်မြန်အကုန်အကျသက်သာပါတယ် ကိုယ့် အကြိုက် မကြာခဏ ချက်စားဖြစ်နေတဲ့ ဟင်းကို အဆင်ပြေသလို တင်ပြသွားခြင်းဖြစ်ပါတယ် ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင်လဲ လွတ်လပ်ပွင့်လင်းစွာဝေဖန်နိုင်ပါတယ် (လူတယောက်စိတ်ထားကိုသိချင်ရင် ဟင်းတခွက်ချက်ခိုင်းကြည့်လိုက်ပါ)
                                                             
                                                                                                             တီလေး

No comments:

Post a Comment