Thursday 5 May 2011

ပျင်း ပျိုပျိုချက်တဲ့ ရွှေချဉ်ပေါင်

                   ဒီနေ့  ဥ မထားတဲ့ လတ်လတ်ဆတ်ဆတ် ချဉ်ပေါင်ဟင်းချက်စားဖြစ်တယ်.... ပွင့်လင်းရာသီရောက်လာတော့ ရွှေချဉ်ပေါင်လဲ ရပီပေါ့ ..... စည်းစိမ်ဖြို မီးဖိုချောင်ကဆိုတော့ လွယ်ကူလျှင်မြန် ခံတွင်းမြိန်ပီး အကုန်အကျသက်သာတဲ့ ဟင်းတွေချက် အိမ်ထောင်မူ့အထိန်းသိမ်းတော်ရင် ဒီတသက် အပျိုကြီး ဖြစ်နိုင်ရိုးလားကွယ် ဟွင်းဟွင်းး (ချွှင်းချက်..တပတ်တခါ လျှောက်ပြန်သံပေး ရှောပင်ထွက်ပါတီ ငွေယားလေးပါရင် ရဲရဲဝံ့ဝံ့ မွေနောက်ပစ်ပါသည် ဟီး) အခု ချဉ်ပေါင်ကြော် မဟုတ် ချဉ်ရည်ဟင်းလဲမဟုတ်  အရမ်းကြိုက်တဲ့ ဆီကျန်ရေကျန် ချဉ်ပေါင်ဟင်းချက်နည်းလေးကတော့ 

၁။ အခုလိုရေဆေးထားတဲ့ ချဉ်ပေါင်ရွက်


၂။ ငရုတ်သီးစိမ်းလေး ၅ တောင့်လောက်ကို
      အနေတော် ကတ်ကြေးလေးနဲ့ကိုက်ထားလိုက်
၃။ ငပိ (နည်းနည်းရေဖျော်ထားပါ)
၎။ ကြက်သွန်နီ ၁ လုံး
             ချက်တော့မယ်
                                  ဒယ်အိုးကို မီးဖိုပေါ်တင် ဆနွန်းမှုန့်ထည့် ကြက်သွန်နီ ဆီသတ် နည်းနည်းကြွပ်လာရင် ရေဖျော်ထားတဲ့ ငပိစိမ်းစားကိုထည့် ရေခမ်းသွားအောင် ဆီသတ်လိုက် ပြီးရင်  ငရုတ်သီးစိမ်း ချဉ်ပေါင်ရွက် ထည့်လိုက်ပါ ( အဖုံး လုံးဝ မအုပ်ပါနဲ့ ) အဖုံးအုပ်ရင် စိမ်းရွင်ရွင်အနံ ထွက်လာတက်လို့ပါ ရေနည်းနည်း ထည့်လိုက်ပါ ရေပွက်ပွက်ဆူလာရင် အချိုမှုန့်ခတ် ကြက်သွန်ဖြူ ၂ တက်လောက်ကို ဓါးပြားရိုက်ပီး ထု ထည့်လိုက်ပါ  အပေါ့အငန် မြည်းပီး သုံးဆောင်နိုင်ပါပီ ( ကြက်သွန်ဖြူကို နောက်ဆုံးမှ ထည့်တော့ ) ပိုမွှေးတာပေါ့


                  ဒီနေ့ ထမင်း တခါစားတာ ၂ ပန်းကန်နှုန်းနဲ့ ၃ကြိမ်ကျော်ကျော် တီးပစ်လိုက်တယ်  ဟိဟိ (ချဉ်ပေါင်ရွက်    ၀ယ်လို့မရတဲ့ နေရာရယ် ၊ ငရုတ်သီးစိမ်းဈေးကြီးလို့ ၀ယ်မစားနိုင်တဲ့သူများရှိရင် ထမင်းစားကြွပါလို့ တခါတည်းဖိတ်လိုက်ပါသည်) ၀ါးတီးလာမည့်သူများ စပွန်ဆာ ပေးသည့်အနေနှင့် ချဉ်ပေါင် နံနံ ကန်ဇွန်း မျိုးစေ့များ အိမ်ပြန်လက်ဆောင်ပေးပါမည် အသွားအပြန်လေယာဉ်လက်မှတ်နှင့် ကိုယ်စရိတ်ကိုယ်ခံပီး လာရောက် သုံးဆောင်နိင်ပါကြောင်း ဟီး ဟီးးးးးးးးးး               

                                                                                                  တီလေး

1 comment:

  1. ကူးကူးဆီမှာလဲ ချဉ်ပေါင်မရှိဘူး။ အခုတော့ဘယ်ရမလဲ ကိုယ်တိုင် စိုက်ထားတာ...ကြိုက်တဲ့အချိန်ခူးစားရုံဘဲ..း))

    ReplyDelete